ငပလီကမ်းခြေတွင် မိမိတို့ အရပ်ဖက်အဖွဲ့အစည်းများကွန်ရက်၊ငပလီမြို့အနေဖြင့်
အစဉ်အလာမပျက် ပြုလုပ်နေကြဖြစ်သည့် ဦးဥတ္တမနေ့ အခမ်းအနားအား
ရခိုင်ပြည်နယ် မေယုဒေသတွင် ဖြစ်ပွားနေသော ဘင်္ဂလီ အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်သူများ၏ သေကြေ၊ပျက်စီးဆုံးရှုံးရမှုများကို ဝမ်းနည်းကြေကွဲမှုဖြစ်ရပါသဖြင့် ယခုနှစ်တွင် မကျင်းပတော့ပါ။
သို့ရာတွင် မိမိတို့ အရပ်ဖက်အဖွဲ့အစည်းများကွန်ရက်၊ငပလီမြို့ သည် ယခုနှစ် (၇၈)နှစ်မြောက် ဦးဥတ္တမနေ့အထိမ်းအမှတ်အဖြစ် အနက်ရောင်အင်္ကျီများဆင်တူ ဝတ်ဆင်ကာ ယခုဖြစ်ပွားနေသော မေယုခရိုင် ဘင်္ဂလီ အကြမ်းဖက်မှုနှင့်ပတ်သက်၍ ငပလီမြို့ ငါးရပ်ကွက်စလုံးတွင် တောင်းဆို ဆန္ဒပြုမှုများပြုလုပ်သွားမည်ဖြစ်ပြီး မဒေးတောင်ဘုရားကြီး၌လည်း ဆုတောင်းပွဲပြုလုပ်သွားမည်ဖြစ်သည်။
ယခုနှစ် (၇၈)နှစ်မြောက် ဦးဥတ္တမနေ့တွင်(မနက်ဖြန် 9.9.2017) သံတွဲမြို့၌ ပထမဦးဆုံးသော ဦးဥတ္တမ ကြေးရုပ်ကို ဦးဥတ္တမပန်းခြံ၌ တည်ထား ဂါရဝပြုမည်ဖြစ်ရာ....
မိမိတို့ ငပလီမြို့ အရပ်ဖက်အဖွဲ့အစည်းများကွန်ရက်မှ ဆရာတော် ဦးဥတ္တမကြေးရုပ်အား ချီတက်ဂါရဝပြုသွားမည်ဖြစ်သည်။ သံတွဲမြို့၌ ဦးဥတ္တမ ကြေးရုပ်ပေါ်ထွန်းလာအောင် ကြိုးပမ်းခဲ့ကြသည့် ရဟန်းပုဂ္ဂိုလ်၊လူပုဂ္ဂိုလ်များကိုလည်း ချီးကျူး ဂုဏ်ပြုအပ်ပါသည်။
မည်သို့ပင်ဖြစ်စေ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်တွင် ငပလီကမ်းခြေ ဂျိတ္တောရွာ၌ ကျူ ရှင်ဆရာနှစ်ဦးနှင့် ကျောင်းသူကျောင်းသား ၅၀ ကျော် တို့ အစပြုခဲ့သော ဆရာတော်ဦးဥတ္တမနေ့ မှ သည် ယခု သံတွဲမြို့နယ်တွင် ဦးဥတ္တမ ကြေးရုပ် တည်ထားကာ ဂါရဝပြု နိုင်တော့မည်ဖြစ်ရာ....
သံတွဲမြို့နယ်၏
အမျိုးသားရေးအောင်မြင်မှုတစ်ရပ်ပင်ဖြစ်ပါတော့သည်။