Sunday, March 19, 2017

အာရှတိုက်၏ အလှအပ ဆုံးကမ်းခြေ တစ်ခုဖြစ်သည့် ငပလီ . . . . . ငပလီကမ်းခြေ . .

အာရှတိုက်၏ အလှအပ ဆုံးကမ်းခြေ တစ်ခုဖြစ်သည့် ငပလီ . . . . . ငပလီကမ်းခြေ . . .။ ငပလီကမ်းခြေ ဒေသခံ တစ်ဦးဖြစ်သဖြင့် ဝမ်းသာခြင်း ဂုဏ်ယူခြင်း များဖြင့်ပီတိဖြစ်ရပါတယ် ။ နေ့စဉ်ကဲ့သို့မြင်တွေ့နေရသည့် ပင်လယ် နှင့် ကမ်းခြေသည် ကျွန်တော့ အတွက် ဘယ်တော့မှ ရိုးအီမသွားခဲ့ . . .။ ဖွံ့ဖြိုးတိုးတက်လာသော စီးပွါးရေးလုပ်ငန်းများ နှင့် လူနေမှုအဆင့်အတန်းများ အတွက်လည်း ပိုမိုဖွံ့ ဖြိုး တိုးတက် လာမည့် မျော်လင့်ချက်ဖြင့် ရင်ခုန် ပျော်ရွှင် မျော်လင့် နေမိပါတယ် . . . .။
သို့သော် ကျွန်တော်တို့ငယ်စဉ် ကာလ . . . . . . . ။ ကုန်လွန်ခဲ့သော ၅ / ၁၀ နှစ်တာကာလ ဖြင့် ယနေ့ နှိုင်းယှဉ်ကြည့်လျှင် ငပလီကမ်း ခြေသည် များစွာ ခြားနား ကွာခြား လာခဲ့ပါပြီ ။
အထူးသဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု နှင့် အမှိုက်များ I စည်းကမ်းမဲ့ အဆောက်အဦးများ l စည်းကမ်းမဲ့ ပင်လယ်သဲ / ကျောက် ထုတ်ယူမှုများ l ချေင်း / မြောင်း ပိတ်ဆို့ကျူးကျော်မှုများ l လူဦးရေထူထပ်များပြားလာမှုများ စသည် . . . . ။
ဥပဒေ နှင့် စီမံခန့်ခွဲမှု အလွဲများ l တာဝန်မဲ့ ( အညွန့်ခူးစား အရိုးထားခဲ့ ) ရင်းနှီးမြူပ်နှံသူများ i ဒေသခံ ခရိုနီများ စသည် . . . . . . ။
ငပလီ ကမ်းခြေသည် မည်သည့်အကြောင်းများကြောင့် ယိုယွင်း ပျက်စီး လာခဲ့ သည်ဖြစ်စေ . . . ။ အလုံးစုံ ပျက်စီးခဲ့ သည်ဖြစ်စေ . . . . ။ ကျွန်တော်တို့၏ သား မြေး မြစ် မျိုးဆက်များစွာ အား ငပလီကမ်းခြေကို လက်ဆင့်ကမ်း နေရဦးမည်ဖြစ်သည် ။
အာရှတိုက်၏အလှဆုံး ကမ်းခြေ ငပလီ ဆိုတာရှိခဲ့ဘူးတယ် ဟူသော နောင်မျိုးဆက်သစ်များ၏ အိပ်ယာဝင်ပုံပြင် အဖြစ်တော့ မရောက်ရှိစေလို ။

( photo သူငယ်ချင်း မင်းမင်းလတ် fb ထံမှ ခွင့်မတောင်းဘဲ ယူသုံးခဲ့ပါသည် )