Friday, September 8, 2017

စက်​တင်​ဘာ ၉ ၊ ၂၀၁၇ ခုနှစ်


ငပလီကမ်း​ခြေတွင်​ မိမိတို့ အရပ်​ဖက်​အဖွဲ့အစည်းများကွန်​ရက်​၊ငပလီမြို့အ​နေဖြင့်
 အစဉ်​အလာမပျက်​ ပြုလုပ်​​နေကြဖြစ်​​သည့်​ ဦးဥတ္တမ​နေ့ အခမ်းအနားအား
ရခိုင်​ပြည်​နယ်​ ​မေယု​ဒေသတွင်​ ဖြစ်​ပွား​နေ​သော ဘင်္ဂလီ အကြမ်းဖက်​မှု​များ​ကြောင့်​ ​ရခိုင်ပြည်သူများ၏ ​​သေ​ကြေ၊ပျက်​စီးဆုံးရှုံးရမှုများကို ဝမ်းနည်း​ကြေကွဲမှုဖြစ်​ရပါသဖြင့်​ ယခုနှစ်​တွင်​ မကျင်းပ​တော့ပါ။

သို့ရာတွင်​ မိမိတို့ အရပ်​ဖက်​အဖွဲ့အစည်းများကွန်​ရက်​၊ငပလီမြို့ သည်​ ယခုနှစ်​ (၇၈)နှစ်​​မြောက်​ ဦးဥတ္တမ​နေ့အထိမ်းအမှတ်​အဖြစ်​ အနက်​​ရောင်​အင်္ကျီများဆင်​တူ ဝတ်​ဆင်​ကာ ယခုဖြစ်​ပွား​နေ​သော ​မေယုခရိုင်​ ဘင်္ဂလီ အကြမ်းဖက်​မှုနှင့်​ပတ်​သက်​၍ ငပလီမြို့ ငါးရပ်​ကွက်​စလုံးတွင်​ ​တောင်းဆို ဆန္ဒပြုမှုများပြုလုပ်​သွားမည်​ဖြစ်​ပြီး မ​ဒေး​တောင်​ဘုရားကြီး၌လည်း ဆု​တောင်းပွဲပြုလုပ်​သွားမည်​ဖြစ်​သည်​။

ယခုနှစ်​ (၇၈)နှစ်​​မြောက်​ ဦးဥတ္တမ​နေ့တွင်​(မနက်​ဖြန်​ 9.9.2017) သံတွဲမြို့၌ ပထမဦးဆုံး​သော ဦးဥတ္တမ ​ကြေးရုပ်​ကို ဦးဥတ္တမပန်းခြံ၌ တည်​ထား ဂါရဝပြုမည်​ဖြစ်​ရာ....
မိမိတို့ ငပလီမြို့ အရပ်​ဖက်​အဖွဲ့အစည်းများကွန်​ရက်​မှ ဆရာ​တော်​ ဦးဥတ္တမ​ကြေးရုပ်​အား ချီတက်​ဂါရဝပြုသွားမည်​ဖြစ်​သည်​။ သံတွဲမြို့၌ ဦးဥတ္တမ ​ကြေးရုပ်​​ပေါ်ထွန်းလာ​အောင်​ ကြိုးပမ်းခဲ့ကြသည့်​ ရဟန်းပုဂ္ဂိုလ်​၊လူပုဂ္ဂိုလ်​များကိုလည်း ချီးကျူး ဂုဏ်​ပြုအပ်​ပါသည်​။

မည်​သို့ပင်​ဖြစ်​​စေ ၂၀၁၂ ခုနှစ်​ စက်​တင်​ဘာလ ၉ ရက်​တွင်​ ငပလီကမ်း​ခြေ ဂျိ​တ္တောရွာ၌ ​​ကျူ ရှင်​ဆရာနှစ်​ဦးနှင့်​ ​ကျောင်းသူ​ကျောင်းသား ၅၀ ​ကျော်​ တို့ အစပြုခဲ့​သော ဆရာ​တော်​ဦးဥတ္တမ​​နေ့ မှ သည်​ ယခု သံတွဲမြို့နယ်​တွင်​ ဦးဥတ္တမ ​ကြေးရုပ်​ တည်​ထားကာ ဂါရဝပြု နိုင်​​တော့မည်​ဖြစ်​ရာ....
သံတွဲမြို့နယ်​၏
အမျိုးသား​ရေး​အောင်​မြင်​မှုတစ်​ရပ်​ပင်​ဖြစ်​ပါ​တော့သည်​။